on
New
- Get link
- X
- Other Apps
UFC လိုက်ဝိတ်တန်းချန်ပီယံဖြစ်သူခါဘစ်ဟာ သူ့ရဲ့ MMAပရော်ဖက်ရှင်နယ်သက်တမ်းတလျှောက်ပွဲတိုင်းအနိုင်ယူပြီး နောက်ဆုံး UFC 254မှာ ဂျက်စတင် ဂေ့ဂျီကို ပြီးခဲ့တဲ့အပတ်ကအနိုင်ယူအပြီး လုံးဝအနားယူပြီဖြစ်ကြောင်း ပွဲအပြီးမှာ တခါတည်း ကြေငြာသွားခဲ့တာပါ။
မက်ဂရီဂေါ်ဟာ မနေ့ညက ဆိုရှင်မီဒီယာပေါ်က တွိတာမှာ အမေးအဖြေလုပ်ရင်းနဲ့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂နှစ်က လက်စ်ဗီးဂတ်စ်မှာ ခါဘစ်က ကော်နာကို ၄ချီမြောက်မှာရံှုးပွဲတွေ့စေခဲ့တာဖြစ်လို့ အိုင်ယာလန်သားက ရုရှားသားနဲ့ပွဲကို ပြန်ကစားချင်နေခဲ့တာလဲဖြစ်ပါတယ်။
ခါဘစ်ဟာအနားမယူခင်မှာ ကော်နာကိုပြန်လည်ရင်မဆိုင်ဖြစ်ခဲ့ပဲ ဒက်စ်တန် ပွိုင်ရဲရားနဲ့ ဂွေ့ဂျီတို့နဲ့သာ ရင်ဆိုင်ဖြစ်ခဲ့ပြီး ၂၉ပွဲရံှုးပွဲမရှိစံချိန်ကိုယူပြီး သူ့ရဲ့ဖိုက်တာဘဝကို အနားသတ်သွားခဲ့တာပါ။
ခါဘစ်ရဲ့အနားယူမှုနဲ့ပတ်သတ်လို့ ကော်နာက တွိတာမှာ အခုလိုရေးသားခဲ့ပါတယ်။
“သူက ပွဲအပြီးမှာ စူပါစိတ်ခံစားမှုကြီးနဲ့ဖြစ်နေခဲ့ပြီး မင်းသိလား သူ့မှာဖြစ်နေတဲ့ ဝက်သက်ပဲဖြစ်ဖြစ် ပါးချိတ်ရောင်နာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်သူဖြစ်နေနေပါ။”
“နောက်တော့ သူ့ခြေချောင်းက ဖိုက်တင်ချနေရင်းနဲ့ ကျိုးသွားခဲ့တယ်။ သူအဲ့ဒါနဲ့ပဲဆက်ချတယ်။ ပြီးတော့(ပွဲမတိုင်ခင်) သူ့အဖေကိုဆုံးရံှုးထားခဲ့ရရင်းနဲ့ပေါ့လေ။ ”
“သူက အဲ့ဒီ့ညက အရမ်းကြီးကို စိတ်ခံစားမှုတွေများပြားနေပြီးတော့ အဲ့ဒီ့စိတ်ခံစားမှုအခိုက်အတန့်ထဲမှာပဲ ရှိနေခဲ့တယ်လို့ ကျနော်ထင်တာပဲဗျ။”
“သူ ပွဲ၃၀အနိုင်နဲ့ပြန်ထွက်လာမယ်လိမ့်မယ်လို့ ကျနော်ပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ အဲ့ဒီ့လိုဖြစ်ချင်နေလိမ့်မယ်လို့တော့ ကျနော်ခံစားမိနေတယ်ဗျ။” လို့နောက်တပွဲသူနဲ့ဖြစ်ခဲ့ရင်တော့ ပွဲ၃၀အနိုင်ဖြစ်မှာမဟုတ်တဲ့သဘောမျိုးပြောသွားခဲ့ပါတယ်။
ကော်နာဟာ ခါဘစ်အနားယူကြောင်း ပွဲအပြီးကြေငြာစဉ်အချိန်ကတော့ တွိတာလူမှုကွန်ယက်ပေါ်မှာ ရုရှားသားရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်ကြောင်းချီးကျူးရေးးသားခဲ့ပြီး ဖခင်ဆုံးရံှုးရမှုအတွက် မင်းနဲ့မင်းမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့လေးစားမှုရှိပါကြောင်းစသဖြင့်ရေးသားပြီး အားပေးစကားပြောကြားခဲ့ပါသေးတယ်။
Written by #RJ (BT Sports/ News Express)
အိုင်ယာလန်စတား ကမ္ဘာကျော် UFC MMA ဖိုက်တာကော်နာမက်ဂရီဂေါကတော့ ရုရှားဖိုက်တာ ခါဘစ်ရဲ့ အပြီးတိုင်အနားယူကြောင်း ကြေငြာမှုကို သူနဲ့ပွဲပြန်တည်ဖြစ်ရင် ရှုံးမှာသေချာနေတာ သိနေလို့ဖြစ်တယ်လို့ အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့၂နှစ်က လက်စ်ဗီးဂတ်စ်မှာ ခါဘစ်က ကော်နာကို ၄ချီမြောက်မှာရှုံးပွဲတွေ့စေခဲ့တာဖြစ်လို့ အိုင်ယာလန်သားက ရုရှားသားနဲ့ပွဲကို ပြန်ကစားချင်နေခဲ့တာလဲဖြစ်ပါတယ်။
ခါဘစ်ဟာအနားမယူခင်မှာ ကော်နာကိုပြန်လည်ရင်မဆိုင်ဖြစ်ခဲ့ပဲ ဒက်စ်တန် ပွိုင်ရဲရားနဲ့ ဂွေ့ဂျီတို့နဲ့သာ ရင်ဆိုင်ဖြစ်ခဲ့ပြီး ၂၉ပွဲရှုံးပွဲမရှိစံချိန်ကိုယူပြီး သူ့ရဲ့ဖိုက်တာဘ၀ကို အနားသတ်သွားခဲ့တာပါ။
ကော်နာဟာ ခါဘစ်အနားယူကြောင်း ပွဲအပြီးကြေငြာစဉ်အချိန်ကတော့ တွိတာလူမှုကွန်ယက်ပေါ်မှာ ရုရှားသားရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်ကြောင်းချီးကျူးရေးးသားခဲ့ပြီး ဖခင်ဆုံးရှုံးရမှုအတွက် မင်းနဲ့မင်းမိသားစုနဲ့ထပ်တူ ၀မ်းနည်းကြောင်းနဲ့လေးစားမှုရှိပါကြောင်းစသဖြင့်ရေးသားပြီး အားပေးစကားပြောကြားခဲ့ပါသေးတယ်။
Comments
Post a Comment