on
New
- Get link
- X
- Other Apps
မြန်မာရေတပ်ရဲ့ ပထမဆုံးရေငုပ်သင်္ဘောဟာ ရုရှားလုပ်ကီလိုကလပ်ဖြစ်ပြီး၊ အသံငြိမ်သက်ကာ တနာရီ ၃၅ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ ပင်လယ်ရေအောက် ပေ ၁၀၀၀ အနက်ထိ ငုပ်နိုင်ပြီး၊ လူ ၅၂ ယောက်နဲ့ ၄၅ ရက်ကြာအောင် နေနိုင်ပါသတဲ့။တန်ချိန် ၃၀၀၀ ဆံ့ ဒီတိုက်ခိုက်ရေးရေငုပ်သင်္ဘောဟာ တိုပီဒိုအပါအဝင် လက်နက်မျိုးစုံသယ်ဆောင်ပြီး ပစ်ခတ်နိုင်ပါသေးတယ်။
မြန်မာဖက်က ပင်လယ်ရေပိုင်နက်အချုပ်အခြာကို ကာကွယ်ရုံသက်သက် ကင်းလှည့်ဖို့ပဲလို့ မည်သို့ပြောစေကာမူ ထိုင်းရေတပ်မှာ ရေငုပ်သင်္ဘော မရှိသေးလို့ ကျွတ်ကျဲနေကြပုံပါပဲ။ထိုင်းဟာ တရုတ်ဆီက ယွမ်ကလပ်ရေငုပ်သင်္ဘောတစ်စီး ဝယ်ထားပြီး၊ မနှစ်ကမှ စတင်ဆောက်နေတာမို့ ၂၀၂၃ မှ စတင်လက်ခံရရှိမှာပါ။ ပြီးခဲ့တဲ့လက ဒုတိယရေငုပ်သင်္ဘောတစီး ထပ်ဝယ်ဖို့ လွှတ်တော်မှာအဆိုပြုခဲ့တာကို အပါယ်ချခံလိုက်ရပြီး၊ ပိုဈေးသက်သာတဲ့ ဖရီးဂိတ်တွေပဲဝယ်ဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ပေးခဲ့ပါသတဲ့။
ခုလိုယှဉ်ကြည့်မှ ရေငုပ်သင်္ဘောတစီးရဲ့ အရှိန်အဝါဟာ စစ်တပ်တခုအတွက် မသေးပါလားလို့ နားလည်ပြီး၊ အိန္ဒိယကို ပိုကျေးဇူးတင်ရပါတယ်။ အိန္ဒိယဟာ ခုလိုရေငုပ်သင်္ဘောတစီး ပြည်ပတိုင်းပြည်ကိုလက်ဆောင်ပေးတာ ပထမဆုံးပါပဲတဲ့။ 😷
CRD_Zin Min Nyein
zawgyi
အိန္ဒိယကျေးဇူးနဲ့ ထိုင်းရေတပ်ထက် နှာတဖျားသာသွားခဲ့ရတဲ့ မြန်မာရေတပ် ( ဘာသူတွေ ဘာပြောပြော လက်ရှိမှာ ထိုင်းရေတပ်ကျွတ်ကျဲ နေပါပြီ….)အန်ဒမန်ပင်လယ်ထဲမှာ ကျက်စားမယ့် မြန်မာ့ရေငုပ်သင်္ဘောကို မျက်ချေမပြတ် အနီးကပ်စောင့်ကြည့်သွားဖို့ရာ ထိုင်းရေတပ်အခြေစိုက်နံပါတ် ၃ က ဗိုလ်ချုပ်ကို တာဝန်ပေးလိုက်ပါတယ်။
CRD_Zin Min Nyein
Comments
Post a Comment