on
New
- Get link
- X
- Other Apps
LOL ( League Of Legends:Wild Rift ) Game ကို iPhone နှင့် iPad အသုံးပြုသူများအတွက် Download လုပ်ခွင့်ပေးလိုက်ပါပြီ ယခုGame ကို ဆော့ရတော့မယ်လို့ ကြေငြာလိုက်ကတည်းက iOS Game ဝါသနာရှင်တွေစောင့်ဆိုင်းနေခဲ့ကြတာပါ။ လောလောဆယ် LOL ဟာ Asia မှ နိုင်ငံများကို Target ထားတာဖြစ်တဲ့ အတွက် Asia Regionဖြင့်ဖွင့်ထားတဲ့ Apple id Account ဖြင့်တာ Download လုပ် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
အသုံးများတဲ့ US Apple id တွေမှာတော့Download ရသေးမှာမဟုတ်ပါဘူး ဒါကြောင့် Apple iD ကို Region ချိန်းပြီး Download လုပ်နိုင်သလို Region မချိန်းချင်ဘူးဆိုရင်Myanmar Region ဖြင့် Apple id Acc အသစ်ဖွင့်ပြီး Download လုပ်နိုင်ပါတယ်။
ယခုချိန်ဟာ LOL Game Download လုပ်တဲ့သူအရမ်းများပြီး Game Login ဝင်တဲ့သူအရမ်းများတာကြောင့် Error အနည်းငယ်ရှိနိုင်ပါတယ်။
LOL Game ကို Login ဝင်မယ်ဆိုရင် လောလောဆယ် Facebook နှင့် Apple id ကိုအသုံးပြု၍ ဝင်လို့ရဦးမှာမဟုတ်ပဲ LOL ရဲ့ Login System တစ်ခုဖြစ်တဲ့ Riot Game Acc ဖြင့်တာ အသုံးပြုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
Comments
Post a Comment